welcome

Sunday, November 13, 2011

လေ့လာသင့်တဲ့နည်းလမ်းလေးတွေ



ရေဒီယိုထုတ်လွှင့်လိုသူများအတွက်

မိမိကိုယ်ပိုင်အင်တာနက်ရေဒီယိုအစီစဉ်များ ထုတ်လွှင့်လိုသူများအတွက်SAM BROADCASTER ဖြင့် ပြုလုပ်ပုံအဆင့်ဆင့်ကို တင်ပြပေးပါမည်။

အဆင့်(၁) SAM BROADCASTER ကိုဒေါင်းလုပ်လုပ်ပါ။(registeration key ပါဝင်ပါသည်)

အဆင့်(၂) အောက်ပါလင့်တွင် register လုပ်ပေးပါ။

အဆင့်(၃) ပြီးလျှင်၎င်းအကောင့်ထဲရှိ STREAM SETTING ထဲမှ- Server IP- Server Port- Stream Password တို့ကိုမှတ်ထားပါ။

အဆင့်(၄) ဒေါင်းလုပ်ထားသော SAM BROADCASTER ကို RUN ပါ။ပုံတွင်ပြထားသည့်အတိုင်း- DESKTOP B ထဲမှ ADD NEW ENCODER ကိုသွားပါ။- MP3 PRO plugin ကိုရွေးပါ။(OK)- CONVERTER TAB ထဲမှ QUALITY နှင့် FORMAT တို့ကိုစိတ်ကြိုက်ရွေးပါ။(OK)- SERVER DETALS TAB ထဲတွင် အဆင့်(၃)မှ သုံးခုကိုကွပ်လပ်ဖြည့်ပေးပါ။(OK)

အဆင့်(၅) နောက်ဆုံးအဆင့်အနေဖြင့် SAM BROADCASTER >>> DESKTOP A ထဲတွင်မိမိနှစ်သက်ရာသီချင်းများ၊အစီစဉ်များကို စိတ်တိုင်းကျစီမံ၍ ထုတ်လွှင့်နိုင်ပါပြီ။

( http://cherrymyodaw-radio.blogspot.com/ သို့ဝင်၍နမူနာရှုနိုင်ပါသည်။)

အင်တာနက်မှရေဒီယိုထုတ်လွှင့်နည်း

(BROADCASTING RADIO WITH WINAMP)

အင်တာနက်မှတဆင့် WINAMP ဖြင့်ရေဒီယိုထုတ်လွှင့်ပုံကိုအဆင့်ဆင့်ဖော်ပြပါမည်။

အဆင့် (၁) http://www.shoutcast.com/ သို့ဝင်ပါ။အဆင့် (၂) Download/Be a dj သို့ဝင်ပါ။အဆင့် (၃) Winamp နှင့် Shoutcast Radio DSP plugin တို့ကိုဒေါင်းလုပ်ပါ။အဆင့် (၄) Winamp ကိုဖွင့်ပါ။ Ctr+P နှိပ်၍PLUGIN >>> DSP/EFFECT ကိုသွားပါ။SHOUTCAST SOCRCE DSP ကိုရွေးပြီး CONFIGURE လုပ်ပါ။အဆင့် (၅) SHOUTCAST SOCRCE DSP ကိုခေါ်ပါ။ OUTPUT TAB ထဲမှCONNECTION တွင် (address,port,password) ကွပ်လပ်သုံးခုကိုဖြည့်ပါ။အဆင့် (၆) ENCODER TAB ထဲမှ ENCODER TYPE တွင် MP3 ENCODER ကိုရွေးပါ။ထို့နောက်သီချင်းဖွင့်၍ရေဒီယိုလွှင့်နိုင်ပါပြီ။

မှတ်ချက်။ ။ (ADDRESS,PORT,PASSWORD) သုံးခုကိုhttp://www.freestreamhosting.org/ တွင် register လုပ်၍ရယူနိုင်ပါသည်။

အင်တာနက်ကို ၂၀% မြန်အောင်လုပ်နည်း

စတင်လုပ်ရမှာကတော့....1. Start Menu--->> Click Run ကိုရွေးပါ။2. gpedit.ms c ရိုက်ပါ။3. Enter ခေါက်ပါ။4. ဘယ်ဘက်ခြမ်းက Computer Configuration ကို Expand လုပ်ပါ။၅. Administrative Templates ကို Expand လုပ်ပါ။၆. Network ကို Expand လုပ်ပါ။၇. Qos Packet Scheduler ကိုရွေးပါ။၈. ပြီးလျှင် ညာဘက်ခြမ်းက Limit Reservable Bandwidth ဆိုတဲ့စာကြောင်းပေါ်မှာ double Click နှိပ်ပါ။၉. Limit Reservable Bandwidth Properties box မှာ Enable option ကိုရွေးပါ။၁၀. Bandwidth Limit [%] box မှာ 0% ကို 20 % ပြောင်းပြီး ok နှိပ်ထွက်ပါ။ဒါဆိုရင် ပိုမြန်လာပါလိမ့်မယ်..။

Start and Shutdown မြန်အောင်လုပ်နည်း

XP မှာ start နှင့် shutdown မြန်အောင်လုပ်နည်းလေးပါ..။XP အသုံးပြုသူတွေ အတွက် အသုံးဝင်မယ်ထင်လို့ ဒီပိုစ့်လေးကို တင်လိုက်တာပါ...။အရင်ဆုံး start မြန်အောင်လုပ်နည်းကို ဆွေးနွေးပါ့မယ်....။ထုံးစံအတိုင်း start Run (or) win + R ကို သွားလိုက်ပါ...။Run Box တွင် regedit ကိုရိုက်ထည့်ပြီး ok ပေးလိုက်ပါ.။ပေါ်လာတဲ့ Register Editor Box မှာ အောက်မှာရေးးထားတဲ့ အတိုင်း အဆင့်ဆင့်သွားလိုက်ပါ...။HKEY_LOCAL_MACHINE >> SYSTEM >> CurrentControlSet >> Control >> Session Manager >>Memory Management >> Prefetchparameters ဆိုတာကို double click ပေးလိုက်ပါ..။ဘေးက Box ထဲမှာ EnablePrefetcher ဆိုတာကိုလိုက်ရှာပြီး right click>> Modify >> Value data မှာ 3 နေရာမှာ 5 လို့ပြောင်းပြီး okပေးလိုက်ပါ ..။ဒါဆိုရင် start မြန်အောင် လုပ်နည်းပြီးပါပြီ...။နောက်တစ်ခု Shutdown မြန်အောင်လုပ်နည်းကို ဆွေးနွေးပါမယ်.. ။အရင်ဆုံး အပေါ်က အတိုင်းပဲ start Run (or) win + R ကို သွားလိုက်ပါ...။Run Box တွင် regedit ကိုရိုက်ထည့် ok ပေးပြီးအောက်မှာ ရေးထားတဲ့ အတိုင်း အစဉ်လိုက်လုပ်ကြည့်ပါ...။HKEY_CURRENT_USER>> Control Panel >> Desktop ထိရောက်အောင်သွားပါ..ဘေးက Box မှာ AutoEndTasks ဆိုတာကိုရှာပြီး Value data မှာ 1 ပြောင်းပေးလိုက်HungAppTimeout နဲ့ WaitToKillAppTimeout နှစ်ခုလုံးကို 1000 လို့ပြောင်းပေးလိုက်ပါ..။အရမ်းကြီးမြန်ချင်တယ်ဆိုရင်တော့ ကိုယ်စိတ်ကြိုက် ပြောင်းကြည့်ပေါ့ ကျနော်ကတော့ 1000 လို့ပဲပြောင်းထားပါတယ်..။နှစ်ခုလုံး လုပ်ပြီးပြီဆိုရင်တော့ ကွန်ပျူတာကို restart ချလိုက်ပါခင်ဗျာ...။တက်တာရော ကျတာပါ..မြန်မြန်ဆန်ဆန်ဖြစ်နေတာကို တွေ့ရမှာပါ ..။

ွGtalk မှာ မိမိနာမည်မကျန်ခဲ့စေချင်လျှင် . ..

ကျွန်တော်တို. Gtalk သုံးတဲ့အခါမှာတော်များများကတော့အင်တာနက်ဆိုင်မှာသုံးတာများပါတယ်။အခုတင်ပြတဲ့နည်းကတော့အင်တာနက်ဆိုင်မှာမိမိရဲ.Gmail Addressတွေမကျန်ခဲ့စေအောင်သုံးတဲ့နည်းလေးပါ။ဒီလိုပါ။မိမိGtalk မ၀င်ခင် မိမိရဲ.ရှေကဘယ်သူတွေ Gtalk၀င်သွားလဲ၊သူတို.ရဲ. Gmail Addressတွေကဘာနာမည်လဲဆိုတာသိချင်ကြပါလိမ့်မယ်။နောက်တခုက မိမိ Gtalk ၀င်ခဲ့ရင်လဲမိမိ Gmail Address ကိုသူများမသိအောင်ဘယ်လိုဖျက်မလဲဆိုတာတင်ပြပေးချင်ပါတယ်။သူများသိတော့ကို ကို invite လုပ်မှာပေါ့။အဒီတော့စက်ထဲမှာ မိမိ Gmail Addressမကျန်ခဲ့စေရန်ရည်ရွယ်ရေးသွားပါတယ်။စလုပ်လိုက်ရအောင်။

၁။ အရင်ဦးဆုံး Start ထဲက Run ကိုနှိပ်ပါ။(သို.မဟုတ်)Window+R ကိုတွဲဖိပါ။

၂။ Run Box ကျလာပါက Regedit ကိုရိုက်ထည့်ပေးပါ။Box ကျလာပါလိမ့်မည်။

၃။ ထို Boxထဲတွင် Folder ၅ခုတွေ.ပါလိမ့်မည်။ထို Folder ၅ခုမှ ဒုတိယမြောက် HKEY_CURRENT_USER ဘေးရှိ + ကိုနှိပ်ပါ။List ကျလာပါလိမ့်မည်။

၎။ Software ရှာပါ။တွေ.ပါကSoftware ဘေးရှိ +ကိုဆက်နှိပ်ပါ။List ကျလာပါလိမ့်မည်။

၅။ Google ကိုရှာပါ။တွေ.ပါက Google ဘေးရှိ + ကိုဆက်နှိပ်ပါ။List ကျလာပါလိမ့်မည်။

၆။ Google Talk ကိုရှာပါ။တွေ.ပါက Google Talk ဘေးရှိ +ကိုနှိပ်ပါ။List ကျလာပါလိမ့်မည်။

၇။ Account နှိပ်ပါ။Gmail Address များကိုတွေ.ရပါလိမ့်မည်။အကယ်လို.မိမိ Gtalk ၀င်ခဲ့ တယ်ဆိုရင်တော့မိမိGmail Addressနာမည်ပေါ်နေပါလိမ့်မည်။ဖျက်လိုပါက မိမိနာမည် ပေါ်တွင် Right ကလစ်နှိပ်၊Delete ကိုနှိပ်လိုက်ပါ။Name/Type/Data တို.အောက်ကျန်ခဲ့ပါက Name အောက်ရှိ ab ပေါ်တွင် Rightကလစ်နှိပ်၊Delete ကိုနှိပ်ပေးပါ။

တခြားသူမဖတ်စေရ

အခု ကျွန်တော် ပြောပြမဲ့ ပရိုဂရမ်လေးက Toucan လို့ ခေါ်ပါတယ်။မိတ်ဆွေတို့ရဲ့ဖိုင်တွေကို ဝှက်စာ အဖြစ် ပြောင်းပေးနိုင်တဲ့ အသုံးဝင် ပရိုဂရမ်တခုပါ။မိတ်ဆွေတို့ရဲ့ USB drive, Memory stick, Thumb drive, MP3/MP4 playerထဲမှာ ဒီပရိုဂရမ်လေးကို ထည့်ထား လို့ရပြီး ဘယ် အင်တာနက်ကဖေးမှာ ဖြစ်ဖြစ်သုံးလို့ရပါတယ်။ကိုယ့်ရဲ့ USB drive, Memory stick, Thumbdrive, MP3/MP4 player ထဲမှာ နိုင်ငံရေးနဲ့ ပတ်သက်တာ၊ ကိုယ်ရေးကိုယ်တာကိစ္စ၊ နှလုံးသားရေးရာ၊ ငွေကြေးကိစ္စ၊ တခြားလူ အသိမခံနိုင်တဲ့ ဘာမဆိုသိမ်းထားချင်တယ်ဆိုရင် ဒီပရိုဂရမ်လေးကို သုံးစွဲခြင်းဖြင့်လုံခြုံစိတ်ချစွာ လျှို့ဝှက်ထားနိုင်တဲ့ စွမ်းရည်ရှိပါတယ်။

ကဲ အသုံးပြုပုံလေး နဲနဲ ပြောကြရအောင်။

ဒီပရိုဂရမ်လေးကို သုံးဖို့ အခု ဒီ post ရဲ့အောက်မှာပါတဲ့ Attachment ကို Download ဆွဲလိုက်ပါ..။

ဒါမှမဟုတ် http://portableapps.com/apps/utilities/toucan ကို သွားပြီး ကိုယ့်ဘာသာကိုယ် download လုပ်ရင်လဲရပါတယ်။connection အပေါ်မူတည် ပြီး သင့်တော်တဲ့ နေရာ ကနေ download လုပ်ပါ။download လုပ်ပြီးရင် သင့်ရဲ့ USB drive, Memory stick, Thumb drive, MP3/MP4 player ထဲမှာ install လုပ်ရပါမယ်။install လုပ်ပြီးရင် ဘယ်ကွန်ပျူတာမှာမဆို တပ်ပြီးသုံးလို့ ရပါပြီ။USB drive, Memory stick, Thumb drive, MP3/MP4 player ကို My Computer နေ ဖွင့်ပါ။

Toucan ပရိုဂရမ်ကို ရှာပြီး ဖွင့်ပါ။ပြီးရင် အပေါ်က Tools Bar မှာ ၃ ခုမြောက် Scure ကိုရွေးပါ..။ဘယ်ဘက် ဘောက်စ်ထဲမှာ အခုကွန်ပျူတာ မှာရှိတဲ့ disk drive တွေကိုပြ နေပါလိမ့်မယ်။ကိုယ်လိုချင်တဲ့ ဖိုင်ရှိရာကို ရောက်တဲ့အထိ double click ပြီးဖွင့်ပါ။တွေ့ပြီဆိုရင် ဘောက်စ် နှစ်ခုကြားမှာရှိတဲ့ + သင်္ကေတကို နှိပ်လိုက်တာနဲ့ အဲဒီဖိုင်ဟာ ညာဘက်မှာရှိတဲ့ ဘောက်စ်ထဲကိုရောက်သွားမှာပါ။တဖိုင်ချင်းသာမက ဖိုဒါတခုလုံးကိုပါ ဝှက်စာ လုပ်လို့ရပါတယ်၊ ဝှက်စာကနေ ပြန်ဖော်လို့ရပါတယ်။ဖိုင်တွေကိုရွေးပြီးရင် function ဆိုတဲ့ဘောက်စ်ထဲမှာ ဝှက်စာ အဖြစ်ပြောင်းမယ်ဆို Encrypt ရွေးပြီးဝှက်စာ ကနေပြန်ဖော်မယ်ဆို Decrypt ကိုရွေးပါ။ပြီးရင် အိုကေ ကိုနှိပ်လိုက်ရင် Please enter your password ဆိုပြီး ဘောက်စ်တခုပေါ်လာပါလိမ့်မယ်။password ကို ရှည်နိုင်သမျှရှည်ရှည် ပေးတာပိုကောင်းပါတယ်။ကိုယ့် password ကိုလည်း ကိုယ်ပြန်မှတ်မိပါစေ။ပြီးတာနဲ့အိုကေ ကို နှိပ်လိုက်ရင် မူရင်းဖိုင်ပျောက်သွားပြီး ဝှက်စာ ဖြစ်သွားတဲ့ဖိုင်ကိုရပါလိမ့်မယ် (ပြောင်းပြန် အနေနဲ့ ဆိုရင် ဝှက်စာဖိုင်ပျောက်သွားပြီး မူရင်းဖိုင် ပြန်ရမှာပါ)။ဝှက်စာဖိုင်ဖြစ်သွားပြီးနောက် ဘယ်အင်တာနက် ကဖေးမဆို USB drive, Memory stick, Thumb drive, MP3/MP4 player ကို သယ်သွားလို့ရပါပြီ။တဖက်သူဆီကို ပို့ရင်လဲ စိတ်ချလက်ချ ပို့လို့ရပါပြီ။ကိုယ့်ရဲ့ဝှက်စာ လုပ်တဲ့ password ကိုလက်ခံရရှိသူကသိရင်ပြီးတာပါပဲ။

ွGtalk မှာ ပုံလေးတွေ Slideshow ဖြစ်အောင်ပြုလုပ်နည်း

ကွန်ပျူတာကို password ခံထားတတ်ကြပါတယ်...။passwordခံထားရုံနဲ့ မလုံလောက်သေးဘူးထင်ရင်တော့ ဒီနည်းလေးကိုသုံးကြည့်လိုက်ပါ..။.

၁၊ window+R နှိပ်ပြီRun box ခေါ်လိုက်ပါ။

၂၊ gpedit.msc ကိုရိုက်ထည့်ပြီ ok(or)Enter နှိပ်လိုက်ပါ။

၃၊ Group Policy Object Editor ဆိုတဲ့ box လေးကျလာပါလိမ့်မယ်။

၎၊ အဲဒီ box ရဲ့ Local Computer Policy အောက်က User Configurationကိုသွားလိုက်ပါ။

၅၊ User Configuration ရဲ့အောက်မှ Administrative Template ဆိုတာလေးကို doubleclick ပေးပြီသူ့ရဲ့အောက်က system ဆိုတာလေးကို double click ထပ်ပေးလိုက်ပါ။

၆၊ ပြီးရင်တော့ ညာဘက်မှာရှိနေတဲ့ setting ရဲ့အောက်က Ctrl +Alt +Del ဆိုတာလေးကိုdouble click ပေးပြီဝင်လိုက်ပါ။

၇၊ အပေါ်ဆုံးမှာမြင်နေရတဲ့ Remove change password ကို double click လုပ်ပြီးဝင်လိုက်ပါ။

၈၊ အဲဒီမှာ Remove Change Password Properties ဆိုတဲ့ box လေးထပ်ပေါ်လာပါလိမ့်မယ်။

၉၊ အဲဒီ box ရဲ့ setting ထဲက Enable ဆိုတာလေးကိုအမှန်ခြစ်လေးပေးပြီး apply , okပေးလိုက်ရင် သူငယ်ချင်းကွန်ပျူတာ ပိုပြီးတော့စိတ်ချရပါလိမ့်မယ်..။

အဆင်ပြေကြပါစေဗျာ.....။

No comments:

Post a Comment